မဟာအောင်မြေမြို့နယ်အတွင်း Semi Lockdown ဧရိယာအတွင်းရှိ အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

မန္တလေး၊ အောက်တိုဘာ ၂၆

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများလျှက်ရှိသည့် စင်္ကြာနွယ်စဉ် ရပ်ကွက် အကွက် (၆၈၃)နှင့် (၆၈၄)တို့တွင်ရှိသော အိမ်ထောင်စုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များမှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားစားသောက်ကုန်များကို နေ့စဉ်နီးပါး ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။ Semi Lock down ဧရိယာရှိ ပြည်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်တိုဘာလ (၂၃)ရက်နေ့တွင် အိမ်ထောင်စု (၉၆) စု၊ လူဦးရေ (၅၈၃) ဦးအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ထောက်ပံ့ပေးအပ်ခဲ့ပြီး အောက်တိုဘာလ (၂၄)ရက်နေ့တွင် ဦးကျော်ဝင်းလှိုင်နှင့် ဓါတ်ပုံချစ်သူများအဖွဲ့မှ အိမ်ထောင်စု (၁၁၀)အတွက် အာလူး တစ်ပိဿာစီ၊ ခရမ်းချဉ်သီး တစ်ပိဿာစီ၊ ဂေါ်ဖီတစ်ထုတ်စီ၊ သဇင်ဘီစက် မုန့်တစ်ထုတ်စီနှင့် ရွှေတုတ်ရှုးရှဲလ္ဘက်နှပ်ထုတ်များကို ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူပြီး ပြန်လည်မျှဝေပေးကာ အလှူရှင် ဦးဇော်မင်းထက်+ဒေါ်ရွှေပိုင် သူငယ်ချင်းများမှ လှူဒါန်းသော အိမ်ထောင်စု (၁၂၀)အတွက် ဆန်တစ်ပြီစီ၊ ဆီငါးဆယ်သားစီ၊ ဗြဟ္မာသုခလူမှုကူညီရေးအဖွဲ့မှ ရွှေချည်၊ ဂျုံမှုန့် သကြား ၁၁၅ထုတ်အား ပေးအပ်လှူဒါန်းရာ ရာအိမ်မှူးများက လက်ခံရယူပြီး ပြန်လည်မျှဝေပေးအပ်ခဲ့သည်။

အောက်တိုဘာလ (၂၅) ရက်နေ့ ကျူလီယာမွတ်စလင်လူမှုဆောင်ရွက်ရေးအသင်းမှ အိမ်ထောင်စု (၁၁၅)စုအတွက် ဟင်းသီးဟင်းရွက်များနှင့် ကြက်ဥ (၄)လုံစီဒေါ်တင်အေးနွဲ့မှ ဟင်းသီးဟင်းရွက် (၁၁၅)ထုပ်နှင် အောက်မြေသာစံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ကျော်ဦးနှင့် SMC-19 ဆန်(၃)ပြီစီ၊ ဆီ(၅၀)ကျပ်သားစီ၊ တစ်ရှုး (၁)လိပ်စီ၊ Mask (၁၀)ခုစီ၊ Handgel (၁)ဘူးစီနှင့် ကော်ဖီမစ် (၅)ထုပ်စီတို့ကို ပေးအပ်လှူဒါန်းရာ ရာအိမ်မှူး ဦးကျော်ဇေယျနှင့် ဦးဇော်မြင့်ဦးတို့က လက်ခံရယူကာ Semi Lockdown ဧရိယာရှိ ပြည်သူများအား ပြန်လည်ဝေမျှ ပေးခဲ့သည်။ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများလျှက်ရှိသည့် စင်္ကြာနွယ်စဉ်ရပ်ကွက် အကွက် (၆၈၃)နှင့် ((၆၈၄)တို့တွင် အောက်တိုဘာလ (၂၄)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၄၆)ဦး တွေ့ရှိထား ပြီး စေတနာရှင်အလှူရှင်များအနေဖြင့်လည်း ပါဝင်ကူညီလိုပါက ၃၆ လမ်း၊ ၇၃ လမ်း ၇၄ လမ်းကြား လုံခြုံရေးစခန်းသို့လည်းကောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ၀၉-၇၇၁၇၇၃၀၆၁ သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်