ဗန်းမော် အောက်တိုဘာ ၂၆
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့တွင်းသွားလာနေသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask)အခမဲ့ဖြန့်ဝေခြင်းကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ဌာနဆိုင်ရာများတို့က ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော်မြို့ ဗိုလ်ချုပ်လမ်းနှင့်ဦးကြီးထိန်နန်လမ်းဆုံနေရာ၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်ရာတွင် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ ဗန်းမော်တာဝန်ခံမန်နေဂျာ ဦးတင်ကိုကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့တွင်းသွားလာနေသည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask) (၈၅၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဗန်းမော်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်ဖြင့် Fitness Dance အဖွဲ့က အကဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့်အသိပညာပေး ဆောင်ရွက်မှုကို (၂)ပတ်တစ်ကြိမ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်