ဟုမ္မလင်း အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဟုမ္မလင်း မြို့နယ် အတွင်း CERP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါး ဆင်းဧကရီ -၃ မျိုးစေ့ ထုတ်စိုက်ခင်းများတွင် မျိုးကွဲရာခိုင်နူန်း၊ အခြားသီးနှံပင်ရာခိုင်နူန်း၊ပေါင်းပင်ရာခိုင်နူန်း နှင့် ရောဂါရှိအပင်/အနှံရာခိုင်နှုန်းပါရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ နံနက်(၈) နာရီခွဲအချိန်က ခေါင်ခမ်း ကျေးရွာအုပ်စု၊နားနုံးကျေးရွာ၊ နားနုံးပါမလုံကွင်း တာပတောင် ကျေးရွာ၊ တာပတောင်ကွင်းနှင့် ကက်သာကျေးရွာအုပ်စု၊ ကက်သာကျေးရွာ၊ ကက်သာ တောင် ကွင်းရှိ မိုးစပါးစိုက်ခင်းများသို့ ကွင်းဆင်း၍ တောင်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စုစုထွေးနှင့်ကွင်းပညာရှင်ဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူများ စုပေါင်း၍ ကွင်းဆင်း စစ်ခြင်း၊ (Field lnspection Campagin)ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)