မြဝတီ၊ အောက်တိုဘာ ၂၆
ကရင်ပြည်နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ ထီဆိုင်ဖြန့်ချိရေးမှ ကိုလင်းလင်းနှင့်မဝင်းဝင်းနွယ် မိသားစုက အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြဝတီမြို့ ရွှေမြဝတီအသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် ထုံးအိတ် ၃၀၊ Dettol ပုလင်း ၄၈ လုံး၊ 95 Mask ၈၀ခု၊ လက်အိတ်ဖာ ၂၀ ၊ Surgical gown ၁၂၀ခု ၊အရက်ပြန်ပုံး ၂ ပုံး၊ ခေါင်းစွပ် Cap အခု ၆၀၀ နှင့် Face Shield အခု ၄၀ ကို သွားရောက်လှူဒါန်းခဲ့ရာ ရွှေမြဝတီအသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရေးစခန်းတာဝန်ခံ မြဝတီခရိုင် မြေစာရင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးနှင့် စေတနာ့ဝန်ထမ်းအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာစောဌေးမြင့်တို့က လက်ခံရယူပေး ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်