ကျွန်းစု၊ အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့သာယာလှပစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ပြီး အလှပန်းပင်များ စိုက်ပျိုးထားသည့်နေရာများတွင် ဘဲစားမြက်များ ထပ်မံစိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများက ကျွန်းစုမြို့မှ ကတ္တလူကျေးရွာအဝင် မြို့အဝင်ဆိုင်းဘုတ်အနီး၊ ဗိုလ်ချုပ်လမ်းမကြီးနှင့်ဘုရင့်နောင်လမ်းဆုံတို့၌ အလှပန်းပင်များ စိုက်ပျိုးထားသည့်နေရာများတွင် ဘဲစားမြက်များထပ်မံစိုက်ပျိုးခဲ့ပြီး အပင်ရှင်သန်လှပနိုင်ရေးအတွက် ရေပိုက် သွယ်တန်းထားရှိပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)