ဟိုပုံး အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်း သားများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ နံနက် ၉ နာရီက ကျောင်းရန်ပုံငွေ အတွက် အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှိုင်ထွေး ဦးစီးသော မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးတို့အတွက် အထူးရဲသင်တန်းတက် ရောက်နေသော သင်တန်းသား(၈၀)ဦးတို့က စုပေါင်း၍ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရန်ပုံငွေအတွက် ငွေကျပ်(၂၅၀၀၀၀)ကို ပေးအပ် လှူဒါန်း ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးစိုးပိုင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ဟိုပုံး(ပြန်/ဆက်)