မိုင်းယု အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့ ပူးပေါင်း၍ တောင်သူ ဦးလော်ကောင်းနှင့် ဦးပီနွန်း၏ လယ်ကွက် ကွင်းအမှတ်(၆၅)၌ ဆင်းဧကရီ-၃(အထူးအထွက်တိုး) မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့လယ်စီ/စာရင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူ ဦးလော်ကောင်းနှင့် ဦးပီနွန်း၏ လယ်ကွက်တွင် တိုင်းတာခြင်းနှင့်ရိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် တောင်သူ ဦးလော်ကောင်း၏ လယ်ကွင်းအမှတ်(၆၅)တွင် စံကွက်ရိတ်သိမ်းရာ စပါးတင်း အစိုအထွက်(၁၃၂.၇၇)တင်းထွက်ရှိခဲ့သည်။ ယင်းနောက် တောင်သူ ဦးပီနွန်း၏ လယ်ကွင်းအမှတ်(၆၅)တွင် စံကွက်ဆက်လက်ရိတ်သိမ်းရာ အစိုအထွက်( ၁၂၄.၉၆)တင်း ထွက်ရှိ ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)