ကမာရွတ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကမာရွတ်  အောက်တိုဘာ ၂၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမတွင်ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပ ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် မဲရုံ ပြင်ဆင်ခြင်း လုပ်ငန်းနှင့် ဆန္ဒမဲ ထုတ်ပေးမည့်ကိစ္စရပ်များ၊ ကော်မရှင်အဖွဲ့ဝင်များ တာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံကြီးကြပ်ရေးကိစ္စရပ်များ၊ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စရပ်များ၊ ခိုင်လုံမဲ၊ ပယ်မဲ စိစစ်ရေတွက်ခြင်းလုပ်ငန်းများ၊အသက် (၆၀) နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် မြို့ နယ်ပြင်ပမှ ဝင်ရောက်လာ သူများအား  Facility Quarantine ထားရှိထားသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွား မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် အဖွဲ့ခွဲ အဖွဲ့ဝင် များက ပြန်လည် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)