မင်းလှ(အောက်) အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းက ကျန်းမာရေး ကောင်းမွန်သူ(၂၄)ဦးဆေးရုံဆင်းခွင့်ရရှိကြောင်းသိရသည်။
မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းက ကျန်းမာရေးကောင်းမွန်သူ (၄)နှစ်သမီးအပါအဝင်(၂၄)ဦးကို ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ မိမိတို့၏နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက် ကြာနေထိုင်ရန်နှင့်ကျန်းမားရေးအသိပညာပေးစကားများပြောကြားပေးခဲ့သည်။
မင်းလှမြို့နယ်တွင် အောက်တိုဘာ ၂၅ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း (၁၁၇) ဦးရှိပြီး ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီး သို့လွှဲပြောင်းပေးသူ(၂)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၆၃)ဦးရှိပြီး၊ ကျန်ရှိသော(၅၂)ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက် ရှိကြောင်း သိရသည်။
ပေါက်စ မင်းလှ