ကိုဗစ်-၁၉ ကာလ၌ တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးဆေးရုံနှင့် Quarantine Centre များမှ စွန့်ပစ်သော အမှိုက်များကို စနစ်တကျသိမ်းဆည်း

တောင်ဥက္ကလာပ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးဆေးရုံနှင့် Quarantine Centre များမှ စွန့်ပစ်သော အမှိုက်များ သိမ်းဆည်းခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဝန်ထမ်းများမှ ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
အမှတ်(၁၀)ရပ်ကွက်ရှိ အမျိုးသမီး(တောင်ဥက္ကလာပ)ဆေးရုံ၊ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူ များ၊ သံသယရှိသူများထားရှိသော  Quarantine Centre များနှင့် ရပ်ကွက်များအတွင်း ကန့်သတ် သတ်မှတ်ထား သော နေရာများမှ စွန့်ပစ်သော အမှိုက်များအား ဆေးရုံ၊ ဆေးခန်းသုံး အမှိုက်သိမ်း ယာဉ်ဖြင့် စနစ်တကျလိုက်လံသိမ်းဆည်း ခဲ့ကြသည်။
အဆိုပါ အမှိုက်များ လာရောက်သိမ်းဆည်းကြသော ရန်ကုန်အရှေ့ပိုင်းခရိုင် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် PPE ဝတ်စုံ၊ လက်အိတ်၊ Mask များ စနစ်တကျဝတ်ဆင်၍ အမှိုက်များအား လိုက်လံသိမ်းဆည်းခဲ့ပြီး အမှိုက်များကို လှိုင်သာယာ မြို့နယ်ရှိ ထိန်ပင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)