မြောက်ဥက္ကလာပ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ယနေ့အထိ ပိုးတွေ့ရှိသူပေါင်း(၂၄၁၉) ဦးရှိပြီး (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ ဝေဘာဂီရပ်ကွက်နှင့် (ဇ)ရပ်ကွက်များမှ ကိုဗစ်-၁၉ရောဂါရှိသူနှင့် ဆက်စပ်သူများကို ပရဟိတအဖွဲ့များက ယမန်နေ့ ညနေပိုင်းက(ဌ) ရပ်ကွက်ရှိ အ.လ.က(၇)ကျောင်း အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပို့ဆောင်ရာတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိသူများနှင့် ဆက်စပ်ခဲ့သူ(၇၂)ဦးကို စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်း၊ We Love Northokkalapa ပရဟိတအသင်း နှင့် ဇမ္ဗူဒီပါ လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းကာ Ambulance ယာဉ်များဖြင့် ပို့ဆောင်ခဲ့ပြီး အ.လ.က(၇) ကျောင်း Quarantine Centre မှ လိုအပ်သည့် စောင်၊ ခေါင်အုံး၊ ခြင်ထောင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မနက်စာ၊ နေလယ်စာ၊ ညနေစာနှင့် ဖြည့်စွက်စာများ စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)