မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၇)နှင့် အ.ထ.က(ခွဲ)လ(၁၀)ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် Quarantine Centre များသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

မြောက်ဥက္ကလာပ အောက်တိုဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် အ.မ.က(၁၇) ကျောင်းနှင့် ရွှေပေါက်ကံ မြို့သစ်ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် Quarantine Centre များ၌ Quarantine ဝင်ရောက်နေသူများ၊ Volunteer များ အဆင်ပြေခြင်း ရှိ/မရှိကို ယမန်နေ့ ညနေ (၄)နာရီခွဲက  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး  ကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဇော်၊ (ည)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရွှေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးတို့မှ Quarantine Centre များတွင်  တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Volunteer များအနေဖြင့် အခက် အခဲများရှိ/မရှိ၊  Quarantine ဝင်ရောက်သူများ အဆင်ပြေစွာ နေထိုင်နိုင်ခြင်းရှိ/မရှိကို မေးမြန်းခဲ့ပြီး  အခက်အခဲများနှင့် အဆင်မပြေမှုများရှိပါက ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြု ပြောကြား၍ အ.မ.က(၁၇)နှင့် အ.ထ.က(ခွဲ)လ(၁၀)ကျောင်းရှိ Volunteer များအတွက် PPE ဝတ်စုံ များနှင့် နှာခေါင်းစည်း Mask များကို လှူဒါန်းရာ Quarantine Centre များမှ တာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိသည့် နေ့မှစ၍ ယနေ့အထိ ပိုးတွေ့ရှိသူပေါင်းမှာ (၂၄၁၉)ဦး ရှိပြီဖြစ်ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မြမြဝင်း (ပြန်/ဆက်)