မြစ်သားအောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ Quarantine Centre များတွင် စိတ်ဓါတ်ခွန်အားပေး အစီအစဉ်အဖြစ် တေးသီချင်းနှင့် တေးသရုပ်ဖော်များသီဆိုဖျော်ဖြေကပြခြင်း၊ အသိပညာပေး အစီအစဉ်များ ကို ယမန်နေ့ညပိုင်းက Quarantine Centre အဖြစ်ထားရှိသော မြို့မ အထက နှင့် ကူမဲ အထက များ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စိတ်ဓါတ်ခွန်အားပေးအစီအစဉ်ကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ မြစ်သားမြို့နယ်အတွင်း ပြည်တွင်း/ပြည်ပမှနေရပ်သို့ပြန်လာကြပြီး Quarantine ဝင်နေသူများအား ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် လိုက်နာရမည့်အချက်များအားအသိပညာပေးခြင်း၊ Goaway Corona တေးသီချင်း၊ Mask တပ်ပါ၊ လက်ဆေးပါတေးသီးချင်းများဖြင့် တေးသရုပ်ဖော်ကပြခြင်းများ၊ ကြက်ခြေနီတီးဝိုင်းမှ တေးသီချင်း များဖြင့်သီဆိုဖျော်ဖြေခြင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သား)