တရုတ်နိုင်ငံမှပြန်လာသည့်နေရပ်ပြန်ပြည်သူ(၁၄)ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေး၍ သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  အောက်တိုဘာ    ၂၆

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် တရုတ်နိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၁၄)ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် အတွင်းရေးမှူး ဒေါက်တာသီဟ နှင့် ကော်မတီအဖွဲ့ဝင်များက အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ ဆေးရုံ၌  ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ နေရပ်ပြန် ပြည်သူအားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့ နေ့လယ် (၁၂)နာရီ အချိန်က ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၁၄)ဦးမှာ အမျိုးသား()ဦးနှင့် အမျိုးသမီး()ဦးတို့ ဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်မှ()ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်မှ()ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်မှ()ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှ()ဦး၊ တန့်ယန်းမြို့နယ်မှ()ဦး၊ သိန္နီမြို့နယ်မှ()ဦး၊ ဟိုပန်မြို့နယ်မှ()ဦးနှင့် ကွမ်းလုံမြို့နယ်မှ()ဦး တို့ဖြစ်သည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့ အထိ အမျိုးသား(၈၆၅၃)ဦး နှင့် အမျိုးသမီး(၆၉၉၁)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၆၄၄)ဦး တို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)