ငဖဲ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအခြေခံပညာအလယ်တန်း ကျောင်းခွဲ၌၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှစ၍ လပြည့်သိမ်းကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ် ခဲ့သောကျောင်းဆောင်သစ်အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်တွင် ရာနှုန်းပြည့် ဆောက်လုပ်ပြီး စီးခဲ့ကြောင်း သိရ သည်။
အဆိုပါဆင်ချည်တိုင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် အဆောက် အဦသည် အလျား ပေ၉၀၊အနံ ပေ၃၀ ရှိ Streel Structureတစ်ထပ်အမျိုးအစားဖြစ်၍ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၉.၉၅ သန်းဖြင့်လပြည့်သိမ်းကုမ္မဏီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှစ၍ တာဝန်ယူဆောက်လုပ်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန် တွင်လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောက် လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)