ကရသူရိ အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး၊ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ပို့ချရာတွင် ဘုတ်ပြင်းမြို့နယ် သင်တန်းဆရာ/ ဆရာမ(၆)ဦးဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက် များဖြင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် ကျန်းမာရေးသုံးပစ္စည်းများ အသုံးပြုပုံ၊ မဲပေးခြင်းလုပ်ငန်းတွင် စစ်ဆေးရ မည့်အချက်များ၊ မဲရေတွက်ပုံလုပ် ငန်းများနင့် မဲရုံးဖွင့်လှစ်ခြင်း/ပိတ် ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့် လုံခြုံရေး အိတ်များထုတ်ပိုးခြင်းစသည့်တို့ကို စာတွေ့/ လက်တွေ့ပို့ချ လျက်ရှိကြောင်း ဘုတ်ပြင်းမြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးထွန်းလွင်ကပြောသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ပို့ချရာသို့ ကရသူရိမြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် ကုသရေး တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းတို့က သင်တန်းပို့ချ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကူညီဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၎င်း သင်တန်းကို ကရသူရိမြို့၊ နယ်မြေအတွင်းရှိ ဆရာ/ဆရာများ၊ မဲရုံလုံခြုံရေး အဖွဲ့များ၊ ရပ်ကျေး ကော်မရှင်ဥက္ကဋ္ဌ အတွင်းရေးမှူးစုစုပေါင်း (၉၈) ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကို ညနေ (၄) နာရီအထိပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)