သုံးခွ အောက်တိုဘာ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များက ယမန်နေ့ မွန်းလွဲပိုင်းက အလှူငွေကျပ် ၁၀သိန်း တန်ဘိုးရှိ ကာကွယ်ရေး သုံးပစ္စည်းများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသို့ Aventine Co.ltd အာမိုစိုက်ပျိုးရေး ဆေးကုမ္ပဏီမှ ယမန်နေ့မွန်းလွဲပိုင်းက အမှတ် ၅ရပ်ကွက်ရှိ မဟာစည်သာသနာ့ရိပ်သာ (အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ) ၌ ကိုဗစ်-၁၉ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ နှင့် စားသောက်ကုန်များ (စုစုပေါင်း ကျပ်၁၀သိန်းတန်ဖိုး) ရှိ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ PPE အစုံ၅၀၊ နှာခေါင်းစည်းဘူး ၁၀၀၊ ဆံပင်ခေါင်းစွပ် အခု၄၀၀၊ လက်အိတ်တစ်ဘူး၊ မျက်နှာကာ အခု၄၀ KN-95 နှာခေါင်းစည်း အခု(၆၀) ရေတစ်လီတာ ခြောက်လုံး ကတ်တွဲ အကတ်(၁၆၀)၊ ဝါးလားခြောက်ဆွဲခြောက်ထုပ် (တစ်ပါကင် ၁၈၀ပါ) ငါးပါကင်၊ ပရီမီယားကော်ဖီမစ် တစ်ဖာတို့ကို လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စည်သူလင်း ပြန်/ဆက်