မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၆
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိဝါဆိုဝါကပ်တော်မူသော သံဃာ်တော်အရှင်သူမြတ်များရှိသည့် ကျောင်းပေါင်း (၅၁) ကျောင်းရှိသည့်အနက် ပရိယတ္တိစာပေသင်ကြား လျက်ရှိသော စာသင်တိုက် (၁၂) ကျောင်းတိုက်အား ကွယ်လွန်သူ ဘုရားသိမ်ကျောင်းရဟန်းဒါယကာကြီး ဦးသိန်းညွန့် (ရွှေမြန်မာ) အား ရည်စူး၍ ဘုရားသိမ်းကျောင်းရဟန်းဒါယိကာမကြီး ဒေါ်တင်ကြည် (ရွှေမြန်မာစက်ပစ္စည်းရောင်းဝယ်ရေး) မိသားစုမှ စားသောက်ကုန်လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် က ဆောင်ရွက်ခဲ့သည်။
အလှူရှင်မိသားစုလှူဒါန်းသော စာသင်တိုက် တစ်တိုက်စီအတွက် ပဲနီလေး ပိဿာ (၃၀) ၁ အိတ်၊ ကြက်သွန် (၁၆) ပိဿာ ၁ အိတ်၊ အာလူး (၂၇) ပိဿာ ၁ အိတ်စီအား စာသင်သားသံဃာတော်များ သီတင်းသုံးသည့် ကျောင်းတိုက်များအရောက် လိုက်လံပေးပို့လှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းသောကျောင်း တိုက်များမှာ ကမ်းနားကျောင်း ပရိယတ္တိစာသင်တိုက်၊ မိုးညိုပရိယတ္တိစာသင်တိုက်၊ မဟာပုညဝဎ္ဍနပရိ ယတ္တိစာသင်တိုက်၊ ပုညကာရီပရိယတ္တိစာသင်တိုက်၊ သာသနာ့ကာရီပရိယတ္တိစာသင်တိုက်၊ ပစ္ဆိမာရုံပရိ ယတ္တိစာသင်တိုက်၊ ရွှေပြည်တန်ပရိယတ္တိစာသင်တိုက်၊ ဘုရားကြီးတိုက်ပရိယတ္တိဓမ္မာ့ရိပ်သာ၊ မဟာဝတ္ထု ကံပရိယတ္တိစာသင်တိုက်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်၊ မဟာသတိပဌာန်ပရိယတ္တိစာသင်တိုက်နှင့် စွန်းလွန်းပရိယတ္တိစာသင်တိုက် တို့ဖြစ်ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)