မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၃၂) ဦး ထပ်မံတွေ့ရှိ

မြို့သစ် အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ်အတွင်းရှိ CBFQ များတွင်ထားရှိသည့် ရန်ကုန် မှပြန်လာ သူ(၁၅၇) ဦးအား  (၂၃ - ၁၀ -၂၀၂၀)ရက်နေ့က  နှာခေါင်းနှင့် အာခေါင် တို့ဖတ်ရယူ၍  မကွေးတိုင်းဒေသကြီး ၊ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့စစ်ဆေးခဲ့ရာ (၃၂)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရ သည်။

၎င်းတို့မှာ   အထက(၁) FQမှ (မ)(၂)ဦး  ၊  ဖုတ်ကုန်းကျေးရွာ FQမှ (မ)(၂)ဦး ၊ မကြီးကန်ကျေး ရွာFQမှ (မ)(၄)ဦး ၊ ကြို့ကျောင်းကုန်းကျေးရွာ FQမှ (၃)ဦး  ၊  အုန်းပင်စုကျေးရွာ FQမှ (ကျား)(၁)ဦး ၊ မြို့လုလင်ကးရွာ FQမှ (ကျား)(၁)ဦး ၊ (မ)(၁)ဦး ၊မကြီးကုန်းလေးFQမှ(မ) (၁)ဦး ၊ တလင်း ကုန်းကျေးရွာFQမှ(မ)(၂)ဦး ၊ ပုဂံမျှော်ကျေးရွာ FQမှ (မ)(၁)ဦး ၊ ယင်းနားကုန်း ကျေးရွာ FQမှ(မ)(၃)ဦး ၊ ထန်းရင်း ကျေးရွာFQမှ(မ)(၃)ဦး ၊  တပ်ကုန်းကျေးရွာFQမှ(မ)(၂)ဦး ၊  ဆူးတပ်ကြီး ကျေးရွာFQမှ (ကျား) (၁)ဦး ၊မကြီးချိုကျေးရွာမှ(ကျား)(၁)ဦး ၊ ဂွေးချိုကျေးရွာFQမှ (မ)(၁)ဦး ၊  ထန်းတပင်ကျေးရွာ FQမှ(မ)(၂)ဦး၊မြင်သာကျေးရွာFQမှ(မ)(၁)ဦး ၊ စုစုပေါင်း(၃၂)ဦးတွင် (Covid-19)ရောဂါပိုး(Positive)တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့အတည်ပြုလူနာအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာ ရေး လမ်းညွှန်ချက်များနှင့်အညီ  မြို့သစ်မြို့နယ်ဆေးရုံဝန်းအတွင်း    သီးသန့်(၄) ထပ်ဆောင်တွင် ထားရှိ သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လူနာများမှာ ကျန်းမာရေး အခြေအ​နေ ကောင်းမွန်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)