ရွှေကျင်မြို့တွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား မဲရုံဆိုင်ရာသင်တန်းပို့ချ

ရွှေကျင် အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ယနေ့ နံနက် ၉ နာရီက ရွှေကျင်မြို့နယ် မြို့နယ်စည်ပင်ခန်းမတွင် မဲရုံဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းရီနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးခင်မောင်အုန်း၊ ဦးတင်အောင်နှင့် ဦးမောင်ပုံ ကုတင်(၁၀၀)ဆေးရုံအုပ်ကြီး‎ ဒေါက်တာသောင်းဝင်းနှင့် တာဝန်ရှိသူတို့မှ ရွှေကျင်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်  မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးများအား မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးတို့၏ တာဝန်ဝတ္တရားများ၊ မဲရုံမှူးများ အသုံးပြုရမည့်ပုံစံများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ပုံစံ(၁၆) ရေးသွင်းခြင်းနှင့် ခိုင်လုံမဲ ပယ်မဲနမူနာပုံစံများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မဲရုံတာဝန်ရှိသူများနှင့် မဲပေးသူများ လိုက်နာရမည့်စည်းကမ်းများ စသည့် မဲရုံဆိုင်ရာ အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိသည်။
ရွှေကျင်မြို့နယ်အတွင်း ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၀)အုပ်စုမှ မဲဆန္ဒရှင် (၇၆၇၁၈)ဦး အတွက် မဲရုံ(၇၄)ရုံထားရှိမည်ဖြစ်ပြီး မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး (၁၄၈)ဦးအား တစ်နေ့တာ ဖွင့်လှစ်ပို့ချပေး လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)