ကွမ်းခြံကုန်း အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူး စက်ပျံ့နှံ့မှုမရှိစေရေးအတွက်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာယမန်နေ့မနက်ပိုင်းမှစ၍ ဧရာဝတီတိုင်းမှရန်ကုန်တိုင်းသို့ဝင် ရောက်မည့် ကုန်တင်ယာဉ်မောင်းများအားအင်္ဂပူစစ်ဆေးရေး ဂိတ်တွင်(RDT)Test Kit အသုံးပြု၍ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိစစ် ဆေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုကိုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဆရာ၊ ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များပူးပေါင်း၍စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်း ဆရာ၊ ဆရာမများမှ ကုန်တင်ယာဉ်မောင်း(၂၇)ဦးအား စစ်ဆေးရာ ဒေါပုံမြို့နယ် တွင်နေထိုင်သူတစ်ဦးထံမှကိုဗစ်-၁၉ ရောဂါပိုး(Positive) တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး (Positive)တွေ့ရှိသူအားသက်ဆိုင်ရာမြို့နယ် နှင့်ချိတ်ဆက်၍ ကုသ ရေးစင် တာသို့ပို့ဆောင်ပေးခဲ့ကြောင်းသိ ရသည်။ပူးပေါင်းအဖွဲ့များမှ စစ်ဆေးရေး ဂိတ်တွင်ကုန် တင်ယာဉ် မောင်းများအား(RDT)Test Kit အသုံးပြု၍နေ့စဉ်စစ်ဆေးသွား မည်ဖြစ် ကြောင်းမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးကော်မတီမှသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)