ကုန်းကြမ်း အောက်တိုဘာ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေးပြီး လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ပြီး လုံခြုံရေးကုဒ်နံပါတ်များ မှတ်သားခြင်းများကို အောက်တိုဘာ ၂၅ ရက်နေ့ နေ့လယ်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ပြီး လုံခြုံရေးကုဒ်နံပါတ်များ မှတ်သားခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ မတက်ရောက်နိုင်သည့်အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရက်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ကြရာ တက်ရောက်လာသူများက ကြိုတင်ဆန္ဒမဲပုံးများအား မှတ်တမ်းများ ရယူခြင်း၊ လုံခြုံရေး ကြိုးကုဒ်နံပါတ်များကို မှတ်သားထားခြင်းများ ဆောင်ရွက်ခဲ့ပြီး ကြိုတင်ဆန္ဒမဲပုံးများကို ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)