ပန်းတောင်း အောက်တိုဘာ ၂၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ကြီးမှူး၍ ယမန်နေ့နံက်ပိုင်းက ပန်းတောင်း အ.ထ.က ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းအေးနှင့် အဖွဲ့ဝင်များက
ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာ ကိစ္စရပ်များ၊ မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်းနှင့် ဆန္ဒမဲရလဒ်များ မဲရေတွက်ခြင်းနှင့် ခိုင်လုံမဲ/ပယ်မဲသတ်မှတ်ချက်များ၊ မဲရေတွက်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့၊ ရွေးကောက်ပွဲနေ့ ပြင်ဆင်မှု စသည့် အချက်အလက်ဆိုင်ရာများကို သင်တန်းပို့ချပေးမှာဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်တာဖြစ်ပြီး ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၄၉)အုပ်စုရှိ မဲရုံ (၁၃၅)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်/ကျေး ကော်မရှင် အတွင်းရေးမှူးများ မဲရုံမှူးများ၊ ဒုတိယ မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင် (၂၇၀)ဦး တတ်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)