လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်

ဆီဆိုင် အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို  ယမန်နေ့ မွန်းလွဲ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်မြင့်မှ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးဟန်မင်းစိုးမှ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေးဌာနအတွက် စီမံကိန်း လုပ်ငန်းခွဲ(၂၅)ခုနှင့် ကျန်းမာရေးဌာနအတွက် စီမံကိန်းလုပ်ငန်းခွဲ()ခု တို့အား လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်နှင့် မြို့နယ်သူနာပြုအဆင့်() ဒေါ်နန်းဝင်းမြင့်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်းတာဝန်ခံ ဦးခွန်ဇော်မျိုးထွန်းတို့က ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် စာရင်းဇယားစာအုပ်နှင့် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်(VDP)စာအုပ်များအား လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)