သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့်အထူးရဲများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေး

သာစည်၊ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ရန်  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သင်တန်းတက်ရောက်လျက် ရှိသော အထူးရဲသင်တန်းသား ၂၄၉ ဦးတို့အား ကိုဗစ်-၁၉ ပိုးရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက RDT Test kit  ဖြင့် စစ်ဆေးခဲ့ရာ သင်တန်းသားအားလုံး ပိုးမတွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉  ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်မင်းထူးတို့၏ကြီးကြပ်မှုဖြင့် သင်တန်းမှူး ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်ထက်နောင်နှင့်သင်တန်းနည်းပြများ၊ ကျန်းမာရေးဝန်ထမ်း ၁၅ ဦးတို့က အဖွဲ့နှစ်ဖွဲ့ခွဲကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်  ရွေးကောက်ပွဲအတွက် မဲရုံပေါင်း  ၂၄၉  ရုံရှိရာမဲရုံများ၌ တာဝန်ထမ်းဆောင်ရန် အထူးရဲ ၂၄၉ ဦးခန့်ထားပြီး သင်တန်းပို့ချလျက်ရှိရာ အောက်တိုဘာ ၂၈ ရက်နေ့တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း သိရသည်။                                                                                            

ထွန်းထွန်း (ပြန်/ဆက်)