ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မဲရုံများကွင်းဆင်းစစ်ဆေးဆောင်ရွက်

လောက်ကိုင်   အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ  ကျင်းပနိုင်ရန်အတွက်   ယမန်နေ့ နံနက် (၁၀)နာရီက ဒေသဦးစီးဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများမှ  မဲရုံများသရုပ်ပြဆောင်ရွက်မှုအား   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရသည်။   

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင်  အမှတ်(၁)ရပ်ကွက်မဲရုံနေရာအား အထက(၂)ကျောင်းတွင် လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်မဲရုံနေရာအား နတလစက်မှုသင်တန်းကျောင်းတွင် လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်မဲရုံနေရာအား  အထက(၁)ကျောင်းတွင် လည်းကောင်း၊   ထင်ပါကျိုင်းကျေးရွာ အုပ်စုမဲရုံအမှတ်(၁)နေရာတို့တွင် လည်းကောင်း သရုပ်ပြထားရှိမှုတို့အား    ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

နန်းခွာညိုနှင်း (ပြန်/ဆက်)