မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် မိုးစပါး မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများနှင့် မိုးစပါး စိုက်ခင်းများတွင် (Field Inspection) ကွင်းဆင်းဆောင်ရွက်

ချောင်းဦး    အောက်တိုဘာ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်နည်းပညာ ပြန့်ပွား ရေးစင်တာနယ်မြေအတွင်း Covid-19 ကာလတွင် စီးပွားရေးကုစားမှု CERP အစီစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများနှင့် မိုးစပါးစိုက်ခင်းများတွင် (Field Inspection) ဆစ်ပိုး၊ ဖြုတ်ပိုး၊ ကြွက် ကျရောက်မှုမရှိစေရန်အတွက် ယနေ့နံနက်(၉)နာရီ အချိန်က ခင်မွန်နည်းပညာပြန့်ပွားရေးစင်တာနယ်မြေ၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးစပါးစိုက်တောင်သူများအား ချောင်းဦးမြို့နယ် သီးနှံကာကွယ် ရေး တာ၀န်ခံ ဒေါ်မာလာနွယ် က ခင်မွန် KC နယ်မြေအတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ထားရှိသည့် RS to CS မိုးစပါးပျိုးစေ့ထုတ်စိုက်ခင်းများ၌ ဆစ်ပိုး၊ ဖြုတ်ပိုး၊ ကြွက် အန္တရာယ်ကြိုတင် ကာကွယ် နှိမ်နင်းနည်းများ၊ ဖြုတ်ပိုးများ၏ သဘာ၀အလေ့အကျင့် များကို လည်း သိရှိစေရန် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ခင်မွန် KC တာ၀န်ခံ ဦးအောင်ဆွေဦးက ဆေးယဉ်ပါးမှုပြသာနာမဖြစ်စေရန် ပိုးသတ်ဆေးများကို လိုအပ်မှသာ သုံးစွဲရန်၊ ဆေးဖျန်းရာတွင်လည်း နည်းစနစ်မှန်ကန်စွာ ဆေးဖျန်းရန်၊ မှတ်ပုံတင်ထားသော ဆေးများ၏ အညွှန်းပါအတိုင်း သုံးစွဲရန်နှင့် ပေါင်းမြက် များကိုလည်း ရှင်းလင်းထားသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ခင်မွန် KC နယ်မြေအတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထားရှိသည့် RS to CS မိုးစပါးပျိုးစေ့ထုတ်စိုက်ခင်းများ၌ ဆစ်ပိုး၊ ဖြုတ်ပိုး၊ ကြွက် ကျရောက်မှုမရှိစေရန် စိုက်ပျိုး ပညာပေး ၀န်ထမ်းများက ကင်းထောက်မှတ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)