ပုလော အောက်တိုဘာလ ၂၈
ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွင် ပုလောမြို့အမှတ် (၅)ရပ်ကွက်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်(၉) နာရီက ပုလောမြို့ ၊ အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆင့်ပွားသင်တန်းတွင် မဲရုံများတွင် တာ၀န်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့၀င်များ၏ အခန်းကဏ္ဍ၊ တာ၀န်၀တ္တရား၊ မဲရုံသုံး ပုံစံများ ရေတွက်ခြင်း၊ မဲရုံပိတ်သိမ်းခြင်းနှင့် ရေတွက်ခြင်း၊ မဲရုံပိတ်ရန် ကြိုတင်ပ ြင်ဆင်ခြင်း၊ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများက အသိပညာ ပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုလောမြို့၊ အမှတ် (၅)ရပ်ကွက်တွင် ဆန္ဒမဲပေးနိုင်သူ (၁၃၂၉) ဦး ရှိပြီး၊ မဲရုံ (၁)ရုံ ရှိကာ မဲရုံမှူး၊ ဒုတိယမဲ ရုံမှူးနှင့် မဲရုံ အဖွဲ၀င် (၂၀) ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုလောမြို့ အမှတ်(၅) ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးထံမှ သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)
၀၉၂၅၀၄၆၇၆၆၃