တမူး အောက်တိုဘာ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများ သင်တန်း ဆင်းပွဲကို ယနေ့ နံနက်(၈)နာရီအချိန်ကတမူးမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် တမူးခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး လင်းလင်းနိုင် က အထူးရဲများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရာ၌တာဝန် ကျေပွန်သော ပြည်သူ ပြည်သား အနေဖြင့် လည်းကောင်း၊အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်လည်းကောင်း ခံယူကာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ရပ်/ကျေး ကော်မရှင်အဖွဲ့များ၊မဲရုံမှူး၊ မဲရုံအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများ စိတ်အေးချမ်းသာစွာ လွက်လပ်စွာမဲပေးနိုင်ရေးအတွက် လုံခြုံရေး အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊Covid-19ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်းမှာ အထူးရဲများအနေဖြင့် လုံခြုံရေးဆောင်ရွက်သည့်နေရာမှာ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားကြရန်တို့ကိုမှာကြားခဲ့သည်။
အထူးရဲများ သင်တန်းဆင်းပွဲသို့ ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းဦး ၊ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းလင်းနိုင်၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းအောင် နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊သင်တန်းဆင်း အထူးရဲများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အထူးရဲများသင်တန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ အထူးရဲ(၇၆)ဦး၊အရန်(၂) ဦးတို့အား လေ့ကျင့်သင်ကြားပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ခရိုင်အတွင်းရှိ မဲရုံ(၇၆) ရုံအသုံးပြုရန်လျာထား ထားရာ မဲရုံတစ်ရုံလျင် အထူးရဲ တစ်ဦးနုန်းဖြင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့်ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင ့်ကျေးရွာကော်မရှင် အဖွဲ့ခွဲများ၊အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အထူးရဲများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁) ရက်နေ့မှနိုဝင်ဘာ(၁၅)ရက်နေ့အထိ ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)