သိန္နီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး တာ၀န် ဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲကျင်းပ

 

သိန္နီ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး တာ၀န်ဆောင်ရွက်မည့် အထူးရဲ သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၇)နာရီ အချိန်ခန့်ကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရွှေစင်ခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမြင့်ဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးမျိုးမြင့်လွင်က သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာ၀န်ဆောင်ရွက်မည့် အထူးရဲ သင်တန်းသား (၆၀)ဦးအားသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ဖိုးချို (ပြန် -ဆက်)