ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်း

ပုဗ္ဗသီရိ အောက်တိုဘာ ၂၈

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ မဲရုံအသီးသီးတွင်မဲရုံလုံခြုံရေး အထူးရဲများရွေးချယ်ခန့်အပ်ပြီး သင်တန်းပို့ချပေးခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့နံနက် နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဥတ္တရခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီးရန်နောင်ဝင်းက အဖွင့်အမှာစကားပြောကြား ရာတွင်" အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲကျင်းပနေစဉ် ကာလ အတွင်း မဲရုံလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများလုံခြုံရေးကို ဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်နှင့် အထွေထွေရွေး ကောက်ပွဲပြီးစီး သွားပါက သတ်မှတ်ချက်နှင့်ကိုက် ညီသူများအနေဖြင့် ဆန္ဒရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ကြောင်း" ပြောကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုရှိပြီး မဲရုံ(၇၉)ရုံ ဖွင့်လှစ် သွားမည်ဖြစ်ရာ မဲရုံများတွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ အတွက် သင်တန်းကို အောက်တိုဘာ ရက်မှ ၂၈ ရက်ထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၇၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)