တောင်ဥက္ကလာပ အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေးအတွက် လမ်းလယ်ချွန်းနှင့် လမ်းမကြီးများပေါ်ရှိ သဲ၊ ဂဲများ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်၍ မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် လမ်းမကြီးများပေါ်ရှိ သဲ၊ ဂဲများ ကြောင့် ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး City Master ယာဉ်များဖြင့် ဝေဇယန္တာလမ်းမကြီး တလျှောက် သဲ၊ ဂဲများ မရှိစေရေး လိုက်လံရှင်းလင်းသယ်ယူခဲ့ကြသည်။
အဆိုပါ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေသော လုပ်ငန်းများကို မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကြီးကြပ်၍ သန့်ရှင်းရေးဝန်ထမ်းများ နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေထက်အောင်