မွန်ပြည်နယ် ကျိုက်မရောမြို့၌ အထူးရဲသင်တန်းဆင်းပွဲပြုလုပ်

ကျိုက်မရော     အောက်တိုဘာ  ၂၈

၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ သင်တန်း ဆင်းပွဲကို ယနေ့ နံနက်၉နာရီ ခန့်က အထက ကျိုက်မရော ( ပညာအားမာန်) ခန်းမ၌ပြုလုပ်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောကျော်ဝင်းမောင်က အမှာစကား ပြောကြားပြီးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မြင့်ကသင်တန်ဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက်အထူးရဲသင်တန်းမှူးကျိုက်မရော မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မင်းအောင်က သင်တန်း ဆင်းမိန့်ခွန်းပြောကြားကာ ကျိုက်မရော မြို့နယ်ရပ်ကွက်/ ကျေးရွာ၄၇ အုပ်စုအတွင်းရှိမဲရုံ ၉၈ ရုံ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲ သင်တန်းသား(၉၈)ဦး တို့အားသင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ သက်ဆိုင် ရာ နယ်မြေအသီးသီးရှိမဲရုံများတွင် တာဝန်ထမ်းဆောင် နိုင်ရန် တာဝန်ခံနယ်မြေ ရဲစခန်းမှူးများထံလွှဲပြောင်းတာဝန်ပေးအပ်ခဲ့သည်။


အဆိုပါအထူးရဲသင်တန်းကို အောက်တိုဘာလ၁ရက်နေ့မှ ၂၈ရက် နေ့အထိ ရက် သတ္တပတ် (၄ ) ပတ်ကြာအထူးရဲတာဝန်များ၊ ကျင့်ဝတ်များနှင့် ဥပဒေများ၊ ရွေးကောက်ပွဲနှင့်ပတ်သက်သောအချက်များကိုစာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီးသင်တန်းသို့သင်တန်းသား(စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီးသင်တန်းသို့သင်တန်းသား(၉၈)ဦးတက်ရောက်ခဲ့ကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးထံမှသိရသည်။
ချိုချို(ပြန်/ ဆက်)