သာကေတ အောက်တိုဘာ ၂၈
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သာကေတမြို့နယ်ရှိ မဲရုံပေါင်း(၂၁၁)ရုံအား လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲသင်တန်း သင်တန်းဆင်းပွဲကို ယနေ့မနက်(၁၀)နာရီက သာကေတ မြို့နယ် အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သာကေတမြို့နယ် အ.ထ.က(၁)နှင့် အ.ထ.က(၄)ကျောင်းတို့တွင် အောက်တိုဘာ (၁)ရက်နေ့မှ စတင်ကာ (၂၈.၁၀.၂၀၂၀)ထိဖွင့်လှစ်ခဲ့ပြီး အ.ထ.က(၁)တွင် တပ်စု(၃)စု၊ သင်တန်းသား(၁၁၉)ဦး၊ အ.ထ.က(၄)တွင် တပ်စု(၂)စု၊ သင်တန်းသား(၉၂)ဦး စုစုပေါင်း တပ်စု(၅)စု၊ သင်တန်းသား(၂၁၁)ဦးအား နံနက်ပိုင်းတွင် စစ်ရေးပြသင်တန်း၊ မွန်းလွဲ ပိုင်း တွင် ဥပဒေပညာ၊ ညနေပိုင်းတွင် ကိုယ်ကာယကြံခိုင်ရေး၊ ညနေပိုင်းတွင် စာဖတ်ချိန် အဖြစ် (၄)ကြိမ်ခွဲကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ စာတွေ့၊ လက်တွေ့သင်ကြားခဲ့ကြောင်းသိရှိရသည်။
ကိုဘုန်း(ပြန်ဆက်)