ချောင်းဆုံ အောက်တိုဘာ ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင် မည့် အထူးရဲတပ်ဖွဲ့ဝင်များ အား အောက်တိုဘာ၂၈ ရက်နေ့ နံနက် (၈)နာရီခန့်က ချောင်းဆုံမြို့နယ် (အ.ထ.က)ကျောင်း သီရိရတနာ ခန်းမ တွင် အထူးရဲသင်တန်းဆင်း ပွဲအားကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရဲမှုး ထွန်းထွန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်း ဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသား ကိုယ်စားလှယ် တစ်ဦးအားပေးအပ်ခဲ့ ကြောင်း၊ အထူးရဲသင်တန်းအားစွမ်းစွမ်းတမံသင်ကြားပို့ချပေးခဲ့သော သင်တန်းနည်းပြများကိုယ်စား ရဲအုပ် ကျော်ကျော်ဦးအား မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကာ ခေတ္တကျောင်း တာဝန်ခံ ဒေါ်တင်ဇာအောင်အား စားသင်ကျောင်းအထွေထွေရံပုံငွေကျပ်(၁)သိန်းအား ပေးအပ် လှူဒါန်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးခင်လှ ၊ ခေတ္တကျောင်းတာဝန်ခံ ဒေါ်တင်ဇာအောင် နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းနိုင်တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို အထူးရဲတပ်ဖွဲ့(၇၅)ဦးတို့အား စာတွေ့၊ လက်တွေ့ဖြင့် သင်တန်းနည်းပြ(၉)ဦးတို့မှ အောက်တို့ဘာ (၁)ရက်မှ (၂၈)ရက်အထိ သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)