စဉ့်ကိုင် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ရဲတံခွန်လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား/အသင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၁၁) နာရီက စော်ရဲကျေးရွာတွင် အသင်းတာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေက အမှာစကားပြောကြားပြီး ရဲတံခွန်လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်စိုးမှ ကိုဗစ် - ၁၉ ရောဂါကာလအတွင်း အသင်းသား/အသင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပစ္စည်းများထောက်ပံ့ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေနှင့် ၀န်ထမ်းများ၊ ရဲတံခွန် လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်စိုးနှင့် အဖွဲ့၀င်များ၊ အသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြပြီး အသင်းသားတစ်ဦးလျှင်ဆီ (၁) ပိဿာ၊ ဟင်းချိုမှုန့်၊ ဆား၊ ဆပ်ပြာ တန်ဖိုး ငွေကျပ် (၈၀၀၀) နှုန်းဖြင့် အသင်းသား (၂၂၂) ဦးအား စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ( ၁၇၇၆၀၀၀) ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင် ပြန်/ဆက်)