ကမာရွတ် အောက်တိုဘာ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ အတွက် မဲရုံပြုလုပ်ရန်လျာထားသည့် သတ်မှတ်နေရာများအား ယမန့်နေ့ နေ့လည်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်ထဲရေးမှ တာဝန်ရှိသူများ၊ သက်ဆိုင် ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များတို့လိုက်ပါ၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်အညီ ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးနိုင်ရန် မဲရုံပြု လုပ်မည့်လျာ ထားနေရာများသို့ သွားရောက်၍ မဲရုံအား လေဝင်/လေထွက် ကောင်းမွန်သော နေရာ၊လူဦးရေ ထူထပ်မှုမရှိစေရေး၊ မဲရုံအဝင်/ထွက်လမ်း၊ မဲရုံပြင်ပနှင့် မဲရုံအတွင်းတစ်ဦးနှင့်တစ်ဦး ကွာခြားရမည့် အကွာအဝေး ၊ မဲဆန္ဒရှင်ပြည်သူများလက်ဆေးရန်နေရာများ၊ ပြုလုပ်ထားမှုအခြေအနေများ ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အတိုင်းပြုလုပ် ဆောင် ရွက်ထားရန် စသည်တို့အား ပြင်ဆင်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။
ကမာရွတ်မြို့နယ်တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်း ၆၄၈၂၅ဦးခန့်ရှိပြီး မဲရုံပေါင်း ၃၇ ရုံရှိကြောင်းသိရ သည်။
စိမ်းလဲ့(ပြန်/ဆက်)