ပေါင်းတည် အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်စေရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူ (၇၉)ဦးထံမှ နှာခေါင်းနှင့် အာခေါင် တို့ပတ် (Swab)များရယူခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်နှင့်ကျေးရွာများရှိ သက်ဆိုင်ရာ Quarantine Centre နှင့်H Qနေရာ (၁၁)နေရာသို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်း Swab Team အဖွဲ့ ၃ ဖွဲ့ဖြင့် သွားရောက်ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အတည်ပြုလူနာပိုးတွေ့ရှိသူနှင့် ထိတွေ့မိသူများနှင့် ပြည်တွင်း/ပပြန်များ (၇၉) ဦးတို့၏ နှာခေါင်းနှင့် အာခေါင် တို့ပတ်များကို Swab Team အဖွဲ့များမှ ရယူခဲ့ကြပြီးအဆိုပါ ဓာတ်ခွဲနမူနာ များအား အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
နှာခေါင်းနှင့် အာခေါင်တို့ပတ် (Swab) များ ရယူခြင်း လုပ်ငန်းအား ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာမျိုးမင်းမှ ကြီးကြပ်၍ မြို့နယ်ပြည်သူ့ဆေးရုံ ဓာတ်ခွဲမှူးဦးတင်မောင်မြင့်နှင့် အတူ ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်ဖြူဇင်အေးနှင့် မြို့မကျန်းမားရေးမှူးဒေါ်အေးသက်မွန်တို့က ရောဂါကူးစက်မှု မရှိစေရေး အတွက် အနီးကပ် စိစစ်စစ်ဆေး ရယူခဲ့ကြသည်။
အဆိုပါ Swab Team အဖွဲ့ ၃ ဖွဲ့ မှလုပ်ငန်းဆောင်ရွက်ခဲ့ရာ စင်တာများရှိကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကူညီရယူပေးခဲ့ ကြောင်းသိရသည်။