ထန်းတပင်မြို့နယ်တွင်ကြိုတင်ဆန္ဒမဲများပေးနိုင်ရန်အတွက်ဆန္ဒမဲလက်မှတ်များထုတ်ပေး

ထန်းတပင်(ပဲခူး) အောက်တိုဘာ  ၂၈

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင်ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရန်ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/   ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံသို့ ယနေ့နံနက် ()နာရီက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထုတ်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆန္ဒမဲလက်မှတ်များထုတ်ပေးရာတွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးဝင်ဖေ က    ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာလတွင်   ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်  မဲဆန္ဒနယ် အတွင်းရှိ နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့်   မဲရုံသို့ ကိုယ်တိုင်လာရောက်   ဆန္ဒမဲ မပေးနိုင်သူများအား သက်ဆိုင်ရာ   ရပ်ကွက်/ကျေးရွာ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်နှင့် အသက်(၆၀)နှစ် အထက် ကြိုတင်ဆန္ဒမဲပေးသူများအတွက် ဆန္ဒမဲလက်မှတ်များကို  ထုတ်ပေးခြင်းဖြစ် ကြောင်း၊အဆိုပါ  ဆန္ဒမဲလက်မှတ်များကို သေချာစွာ စိစစ်လက်ခံကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်/ကျေးရွာ များရှိမဲရုံများအလိုက် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ  ဥက္ကဌ၊  အတွင်းရေးမှူး  နှင့်အဖွဲ့ဝင်များက ထုတ်ပေးကြရာ  သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များက စိစစ်လက်ခံရယူကြောင်းသိရှိရသည်။ ထန်းတပင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)အုပ်စု ၊မဲရုံပေါင်း(၉၄)ရုံရှိပြီး မဲဆန္ဒရှင် ပေါင်း (၉၄၈၀၃) ဦးရှိကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)