ထန်းတပင် (ပဲခူး) အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ များ သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈ )နာရီက သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှနိုင်က သင်တန်းဆင်းအမှာစကား ပြောကြား ရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရာ၌ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့များ မဲရုံမှူးများနှင့် ပူးပေါင်း၍ ပြည်သူများ လွတ်လပ်စွာ မဲပေးနိုင်ရေး အတွက် လုံခြုံရေးအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ သည့် ကာလအတွင်း အထူးရဲများအနေဖြင့် လုံခြုံရေးဆောင်ရွက်သည့်နေရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြ ရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် အထူးရဲသင်တန်းကို အောက်တိုဘာ (၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ အထူးရဲ(၉၄)ဦးတို့အား လေ့ကျင့်သင်ကြားပေးခဲ့ပြီး မဲရုံ(၉၄)ရုံရှိပြီး မဲရုံတစ်ရုံလျင် အထူးရဲတစ်ဦးနှုန်းဖြင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)