ဟင်္သာတ အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်း အမျိုးမျိုးကို ယနေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
ဟင်္သာတမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံးများ၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗွီဒီယိုခွေ၊ သိမှတ် ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်းစည်း ကမ်းစာအုပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ မဲစာရင်းပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်စည်း ကမ်းများအတိုင်း ကိုယ်တိုင်လာရောက် ထုတ်ယူခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ရပ်ကွက်(၃၁)ရပ် ကွက်နှင့် ကျေးရွာအုပ်စု (၁၀၁)အုပ်စုရှိပြီး စုစုပေါင်း မဲရုံ(၂၈၂) ရုံနှင့် မဲဆန္ဒရှင်စုစု ပေါင်း(၂၇၀၀၀၀) ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
ကျော်ကျော်(ပြန်/ဆက်)