ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့ သရုပ်ပြသ

ဘုတ်ပြင်း အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ () ရက်နေ့ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းက အမက-ရွေဘုံသာကျောင်း၌ ဇာတ်တိုက်လေ့ကျင့်ခြင်းကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန် ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများနှင့် မဲရုံ‌အဖွဲ့ဝင်များက မဲပေးပုံအဆင့်ဆင့်အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တာဆီးရေး လမ်းညွှန်ချက်နှင့်အညီ  လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်၊မြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွန်း၊ သက်ဆိုင်ရာ နယ်မြေအလိုက်တာဝန်ကျ ဌာနဆိုင်ရာ ဦးစီးမှူးများနှင့် ဝန်ထမ်းများက နိုင်ငံရေးပါတီများမှ မဲရုံကိုယ်စားလှယ်များက လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းထွန်းဦး (ဘုတ်ပြင်း ပြန်/ဆက်)