ကမာရွတ်မြို့နယ်တွင်သား၊ ငါး၊စားသောက်ကုန်များ ရပ်ကွက်များအရောက်ဈေးကားများ ဖြင့်လှည့်လည် ရောင်းချပေး

ကမာရွတ်                     အောက်တိုဘာ              ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန် မှုဖြင့် လတ်ဆက်သောသား၊ငါး၊ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ရပ်ကွက်များအတွင်း  ရောင်း ချပေးခြင်းကို ယနေ့ နံနက် နာရီက စတင်၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ ကမာရွတ်မြို့နယ်အတွင်းရှိ အမှတ်()ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာ လမ်းတလျှောက်နှင့် လမ်းစုံတို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ် အတွင်းနေ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး၊မိမိတို့နေအိမ်မှကွာ ဝေးသော ဈေးများသို့ သွားရောက်ဝယ်ယူခြင်းမပြုရသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှုကာ ကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ငါး၊စားသောက်ကုန်များအား ဝယ်ယူရရှိနိုင်ရေး တို့ကို ရည်ရွယ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။အလားတူနောက်ရက်များတွင်လည်း ရပ်ကွက်များအလိုက်ဈေးကားများဖြင့် လည့်လည်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

စိမ်းလဲ့(ပြန်/ဆက်)