ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကျင်းပ

ရွှေကျင် အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းဆင်းပွဲကို ယနေ့ နံနက်(၈)နာရီအချိန် ခန့်က ရွှေကျင်မြို့မရဲစခန်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအေဝးခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ရွှေကျင်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းဦးမှ အဖွင့်အမှာစကား ပြောကြားပြီး နည်းပြတာဝန်ခံ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်ဝင်းထွန်းမှ သင်တန်းဆင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြ မည့် အထူးရဲသင်တန်းသား(၇၅)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)