လက်ပံတန်းမြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲ စတင်ပေး

လက်ပံတန်း အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရောက်ရှိနေကြသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏မဲစာရင်းပါရှိရာ မဲဆန္ဒနယ်သို့ ပြန်လည်၍ ဆန္ဒမဲပေးနိုင်ခြင်း မရှိတဲ့အတွက် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရစေရေး ပုံစံ(၁၅) ရေးသွင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနဲ့ ချိတ်ဆက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ လက်ပံတန်းမြို့နယ်တွင် ယနေ့နံနက် ၈နာရီမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ပုံစံ(၁၅)နဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လာရောက်လျှောက်ထားသူ ၇၆ဦးရှိပြီး ယနေ့တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင် ၂၅ဦးမှ ကြိုတင်ဆန္ဒမဲပေးခဲ့ပြီး အဆိုပါကြိုတင် ဆန္ဒမဲလက်မှတ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ချိတ်ပိတ်၍ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း" မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ချယ်ရီ ထံမှ သိရသည်။

ဝင့်နန္ဒာဌေး