ဇမ္ဗူသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

ဇမ္ဗူသီရိ အောက်တိုဘာ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပုံးများနှင့် မဲရုံသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌနှင့် အတွင်း ရေးမှူး များထံသို့ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မဲပုံးများ၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့်ပညာပေး ဗီဒီယို ခွေများ၊ သိမှတ်ဖွယ်ရာစာအုပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန် စာအုပ်များ၊ မဲစာရင်းပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကိုယ်တိုင် လာရောက်ထုတ်ယူခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု () အုပ်စုရှိပြီး စုစုပေါင်း မဲရုံ (၄၅) ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း (၉၃၂၇၈) ဦးခန့်ရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)