မိုင်းယန်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌အောင်မြင်စွာ ကျင်းပရေးလုပ်ငန်းများ‌ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး

မိုင်းယန်း  အောက်တိုဘာ  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်မိုင်းယန်းမြို့တွင် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်း အဝေး ကို ယနေ့ နံနက် ၁၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာအစည်းအဝေးတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော် လင်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မြို့နယ်ရဲမှူး အောင် အောင်က မြို့နယ်အတွင်းထားရှိမည့် မဲရုံလုံခြုံရေးတာဝန်များ နှင့် ပတ် သတ်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြကာ လိုအပ် သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်းကကျေး ရွာအုပ်စုများ တွင် ထားရှိမည့်မဲရုံများသို့ မဲရုံသုံးပစ္စည်းများအား သယ် ယူပို့ဆောင်  ရေးနှင့်လုံခြုံစွားထားရှိ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးခဲ့ ကြောင်းသိရသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲမှူကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ   ကော်မတီအဖွဲ့ဝင် များ မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် ရပ်ကွက်/ကျေးရွာစာရေးများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)