ဟင်္သာတ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး မျိုးသန့်ကျော်သည် ဟင်္သာတမြို့၊ မြို့တော်ခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အထူးရဲသင်တန်းသို့ ယမန်နေ့ ညနေပိုင်းက လာရောက်၍ သင်တန်းသား များနှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် စစ်ရေးပြ ဘာသာရပ်များနှင့် ဥပဒေဘာသာရပ်များ သင်ကြားရသည့် ရည်ရွယ်ချက်နှင့် လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ အကျိုးသက်ရောက်ပုံ၊ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်အောင် ချပြရှင်းလင်းခြင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရအောင် စည်းကမ်းတကျ နေထိုင်ရန်၊ ရွေးကောက်ပွဲ ဥပဒေနှင့်လုံခြုံရေး ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မည်သည့်ပါတီမှ ဘက်လိုက်မှု မရှိဘဲ တာဝန်များဆောင်ရွက်ရန်၊ ရွေးကောက်ပွဲနေ့တွင် ကြုံတွေ့နိုင်သည့် ဖြစ်စဉ်များ ချပြ ရှင်းလင်းခြင်း၊ အုပ်ချုပ်မှုကိစ္စများ အဆင်ပြေမှု ရှိ/မရှိ၊ ချက်ပြုပ်ကျွေးမွေးမှု၊ အိပ်ဆောင်၊ သင်တန်းခန်းမ၊ ရေ၊ မီးရရှိမှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သင်ကြားပို့ချမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)