မိုးနဲမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့် အညီလုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးနဲ  အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် ( တောင်ပိုင်း ) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေး အတွက် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို  နေ့ နံနက် နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးညွန့် ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်ကိုဝင်းတို့က ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာသူများက မဲရုံ တစ်ရုံချင်းအလိုက် အခက်အခဲများဆွေးနွေးတင်ပြခဲ့ကြပြီး အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲလက် မှတ်များ ကြိုတင်  မဲလက်မှတ်များ စာအုပ်များနှင့် မဲရုံသုံးပစ္စည်းများအား သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင် ဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများထံသို့ မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲမှ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် တွင်(ကျိုင်းတောင်းမြို့)အပါအဝင် ဆန္ဒမဲ ပေးပိုင် ခွင့်ရှိသူပေါင်း (၂၈၈၆၆)ဦး ရှိပြီး မဲဆန္ဒနယ် အမှတ်()တွင် မဲရုံ (၁၅)ရုံ မဲဆန္ဒနယ်အမှတ်()တွင် မဲရုံ (၁၆)ရုံ စုစုပေါင်း မဲရုံ (၃၁) ရုံ ဆောင်ရွက်ထားရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 

မျိုးညွန့်ရွှေ (မိုးနဲ)