အိုးဘိုအရှေ့ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များ ထောက်ပံ့ပေးအပ်

တွံတေး    အောက်တိုဘာ    ၃၀

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ်တွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများကို အိုးဘိုအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအေး မိသားစုက ယမန်နေ့ ညနေက အိမ်တိုင်ရာရောက် လိုက်လံပေး အပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း  ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများ အဆင်ပြေစေရေး အိုးဘိုအရှေ့ရပ်ကွက်ရှိ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများနှင် အခြေခံလူတန်းစားများ (၁၂၀) အိမ်ထောင်စုကို ဆန်(၈)ပြည်၊ ဆီ(၁)ဘူး၊ ဆားတစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာ၊ ခေါက်ဆွဲခြောက်၄ထုပ် အချိုမှုန့်၊ အခြေခံစားသောက်ကုန် တစ်ပတ်စာကို လူစုလူဝေး မဖြစ်ပေါ် စေရေး အလှူရှင် မိသားစုက အိမ်တိုင်ရာရောက် လိုက်လံ လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)